အလုပ်ခန့်ထားမှု ရပ်စဲခြင်း

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်

အမိန့်ကြော်ငြာစာအမှတ် - ၁၄၀/၂၀၁၇

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၅(က)

အလုပ်မှနှုတ်ထွက်ခြင်း

(၁) အတည်ပြုခန့်ထားသော အလုပ်သမားသည် အလုပ်တာ၀န် မှ နှုတ်ထွက်လိုပါက အကြောင်းကြားစာကို သက်ဆိုရာ လုပ်ငန်းခွဲတာဝန်ခံမှတစ်ဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းကြားရမည်။

(၂) အလုပ်မှ တရားဝင်နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်သမားသည် မိမိအား ထုတ်ပေးထားသည့်လစာကတ်၊ ဝန်းထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကိရိယာ များကို ပြန်လည်ပေးအပ်ရမည့်အပြင် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကို အလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ရမည်။

(၃) အလုပ်သမားသည် အလုပ်မှ နှုတ်ထွက်လိုပါကတစ်လကြိုတင်၍ အကြောင်းကြားရမည်ဖြစ်ပြီး အလုပ်ရှင်မှအလုပ်ရပ်စဲမှု နစ်နာကြေးပေးရန်မလိုဘဲ ရရန်ရှိသည့် အမှန်တကယ် အလုပ်လုပ်ခဲ့သည့်ရက်များအတွက် လုပ်ခကျန်ငွေနှင့် လုပ်သက်ခွင့်ကို ခံစားခွင့်ပေးပြီး နှုတ်ထွက်ခွင့်ပြုရမည်။

(၄) အထက်အပိုဒ်ခွဲငယ် (၃)ပါ အတိုင်း အလုပ်မှ နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်ရှင်၏ကုန်ကျစရိတ်ဖြင့် သင်တန်းတက်ရောက်ထားသည့် အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အတိုင်းဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၅()

အလုပ်မှ ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း

(၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ခိုင်လုံသော အကြောင်းပြချက်ဖြင့် မှတ်တမ်းမှတ်ရာများဆောင်ရွက်ထားရှိပြီး ရုံးအမိန့်စာဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားတာဝန်ရှိသူက လက်မှတ်ရေးထိုး၍ အလုပ်သမားအား ပေးပြီးမှ အလုပ်မှရပ်စဲရမည်။ အလုပ်သမားအား အလုပ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း ကိစ္စရပ်များအားလုံးသည် အလုပ်ရှင်တွင်သာ တာဝန်ရှိသည်။

(၂) သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် အလုပ်သမားများအား သာမန်ပြစ်မှုများအတွက် ပထမအကြိမ်စာဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းစသည့် သတိပေးခြင်းသုံးကြိမ်ပြုလုပ်ပြီးနောက် ၁၂လအတွင်း အလုပ်သမားသည် သာမန်ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့လျှင် အလုပ်ရှင်သည် နစ်နာကြေးပေးရန်မလိုဘဲ အလုပ်မှရပ်စဲနိုင်သည်။ သာမန်ပြစ်မှုတစ်ခုကျူးလွန်ပြီးပါက ၁၂လ အတွင်း နောက်ထပ်ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိလျှင်ဖြစ်စေ၊ တတိယအကြိမ် ကျူးလွန်ခဲ့ပြီနောက် ၁၂ လ အတွင်း ထပ်ခံကျူးလွန်ခဲ့ခြင်းမရှိလျှင်ဖြစ်စေ ထိုကျူးလွန်ခဲ့သော ပြစ်မှုအားလုံးကို အလုပ်ရှင်မှ ချေဖျက်ပေးရမည်။

(၃) အထက်အပိုဒ်ခွဲငယ် (၁) မှအပ အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်းနှင့် အညီ အလုပ်ရှင်က တစ်လကြိုတင်အကြောင်းကြား၍ သက်မှတ်ထားသည့် နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲနိုင်သည်။ သို့ရာတွင် ဥပ‌ဒေပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်၍ အလုပ်သမားအား အလုပ်ထုတ်ခြင်းမျိုး မဖြစ်စေရ။

(၄) လုပ်သားလျှော့ချခြင်း၊ အလုပ်သမားအား အလုပ်မှရပ်စဲခြင်းတို့အတွက် အလုပ်ရှင်သည် အလုပ်သမားအဖွဲ့အစည်းမရှိပါက အလုပ်သမား‌ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ အလုပ်သမားအဖွဲ့အစည်းရှိပါက အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ်နှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၏ ကိုယ်စားလှယ်တို့ ပူးပေါင်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၆

စာချုပ်ရပ်စဲခြင်း

အောက်ပါအချက်များကြောင့် သဘောတူစာချုပ်ရပ်စဲနိုင်သည်-

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းဖျက်သိမ်းခြင်း၊

(ခ) မမျှော်မှန်းနိုင်သော ဖြစ်ရပ်ကြောင့် လုပ်ငန်းရပ်ဆိုင်းသွားခြင်း၊

(ဂ) အလုပ်သမားသေဆုံးခြင်း၊