လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၈)
၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ အခန်း(၆)
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများ ခန့်အပ်တာဝန်ပေးခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးဆိုင်ရာ ကော်မတီများ ဖွဲ့စည်းခြင်း
၁၂။ အလုပ်ရှင်သည်-
(က) ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားများ ဘေးအန္တရာယ် ကင်းရှင်း ၍ ကျန်းမာရေး
ကောင်းမွန်စေရေး အနီးကပ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံကို ခန့်ထားရမည်။
(ခ) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန် ဝန်ကြီးဌာနက သတ်မှတ်သော အလုပ်သမားဦးရေ
အောက် မနည်းသော လုပ်ငန်းများတွင် လုပ်ငန်းအမျိုးအစားအလိုက် အရေအတွက် တူညီသော အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်
သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ အသီးသီးကို ဝန်ကြီးဌာ၏ သတ်မှတ်ချက်များနှင့် အညီ ဖွဲ့စည်းရမည်။
ထိုသို့ဖွဲ့စည်းရာတွင် လုပ်ငန်းခွင် သဘောသဘာဝအရ အမျိုးသမီးများ၏လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အပေါ်
ထည့်သွင်းစဉ်းစား၍ ဖွဲ့စည်းရမည်။
၁၃။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ အသီးသီး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်စေနိုင်မည့် အခြေအနေများကို ပုံမှန်စစ်ဆေး၍ ပြန်လည်သုံးသပ်ချက်များကို
သက်ဆိုင်ရာ ကော်မတီ အစည်းအသေး၌ တင်ပြခြင်း၊
(ခ) လုပ်ငန်းခွင် ထိခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှု၊ အစီအမံများ ချမှတ် ဆောင်ရွက်ရန် အလုပ်ရှင်အား
အကြံပြုခြင်း၊
(ဂ) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများတိုးတက်ကောင်းမွန်စေရန် သင်တန်းပို့ချရေးနှင့် အထောက်အပံ့
ပစ္စည်းများ ရရှိစေရေး အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊
(ဃ) သက်ဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်အကဲဖြတ်ဆန်းစစ်မှုအား စိစစ်ကြိးကြပ်ခြင်း၊
(င) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတိုက သတ်မှတ်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
၁၄။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများသည် ဘေးအန္တရာယ်ကင်းရှင်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့်
လုပ်ငန်းခွင် ဖြစ်စေရန် ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာ ဆောင်ရွက်
ရမည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၂၆
အလုပ်ရှင်သည်-
(က) လုပ်ငန်းခွင်၊ လုပ်ငန်းစဉ်နှင့် ၎င်းတို့၌ အသုံးပြုသည့် ပစ္စည်းများနှင့် စက်ကိရိယာများ၏ အန္တရာယ်ရှိမှု အတိုင်းအဆ အား အကဲဖြတ်ဆန်းစစ်ခြင်းကို
လိုအပ်သလို စီမံဆောင်ရွက်ရမည်။
(ခ) လုပ်ငန်းခွင် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်နိုင်မှု အခြေအနေကို တိုင်းတာအကဲဖြတ်ရန် လိုအပ်သလိုစီမံဆောင် ရွက်ရမည်။
(ဂ) အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရမှု ရှိ၊ မရှိ သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြုဆရာဝန် ဖြင့် ဆေးစစ်ပေးရန် စီမံပေးရမည်။
(ဃ) ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ တွေ့ရှိချက်များအပေါ် အခြေခံ၍ လုပ်ငန်းခွင်ကို ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အခြေ
အနေအထိ ရောက်ရှိစေရန် စီမံဆောင်ရွက်ရမည်။
(င) အလုပ်သမားများအား ဦးစီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် သင့်တော်သော တစ်ကိုယ်ရည်သုံး ကိုယ်ခန္တာ ကာကွယ်ရေးဝတ်စုံများ၊
ပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ အခမဲ့လုံလောက်စွာ ထုတ်ပေးပြီး ဝတ်ဆင်လုပ် ကိုင်စေရမည်။
(စ) ကြိုတင်တားဆီးကာကွယ်မှု အစီအမံနှင့် အရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဆောင်ရွက်မည့် အစီအမံများ ထားရှိ ရမည်။
(ဆ) ဝန်ကြီးဌာနက သတ်မှတ်သော အလုပ်သမားဦးရေအောက် မနည်းသော လုပ်ငန်းများတွင် ဆေးပေးခန်းထားရှိခြင်း၊ မှတ်ပုံတင်ဆရာဝန်နှင့်
သူနာပြုများခန့်ထားခြင်း၊ လိုအပ်သည့်ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေး ရမည်။
(ဇ) မိမိကိုယ်တိုင် အပါအဝင် သက်ဆိုင်ရာလုပ်ငန်းအမျိုးအစား သို့မဟုတ် ဌာနအလိုက်စီမံခန့်ခွဲ့သူများ၊ အလုပ်သမားများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်း
ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များကို ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်း
များ တက်ရောက်စေရမည်။
(ဈ) အလုပ်သမားတစ်ဦးဦးက လုပ်ငန်းခွင်ထိခိုက်မှု သို့မဟုတ် အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ဖွယ်ရှိ သည့် အခြေအနေများ
ကြုံတွေ့ရလျှင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံ သို့မဟုတ် စီမံခန့်ခွဲသူ တစ်ဦးဦးထံချက်ချင်း သတင်းပေးပို့နိုင်ရေး
လိုအပ်သလို စီစဉ်ထားရှိရမည်။
(ည) လုပ်ငန်းခွင် သို့မဟုတ် လုပ်ငန်းစဉ်တွင် အသုံးပြုသော ပစ္စည်း၊ စက်ကိရီယာ သို့မဟုတ် စွန့်ပစ်ပစ္စည်းများကြောင့် လုပ်ငန်းခွင်အတွင်းရှိ
နေသူများ ဘေးအန္တရာယ် ကင်းရှင်းပြီးကျန်းမာရေး ထိခိုက်မှု မရှိစေရန် စီမံဆောင်ရွက်ထားရမည်။
(ဋ) လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ပွားမည့်ဆဲဆဲ အခြေအနေကြုံတွေ့ရပါက လုပ်ငန်စဉ်အား ချက်ချင်းရပ်တန့်ခြင်း၊ အလုပ်သမားများအား၊ ဖယ်ရှားရွှေ့ပြောင်း
ပေးခြင်းနှင့် လိုအပ်သည့် အသက်ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအစီအမံ များ ဆောင်ရွက်ရမည်။ ဖြစ်နိုင်ပါက အလုပ်သမားများအား အခြားသင့်
တော်မည့် ဘေးအန္တရာယ် ကင်းရှင်းသည့် လုပ်ငန်း ခွင်များသို့ ပြောင်းရွှေ့လုပ်ကိုင် စေနိုင်သည်။
(ဌ) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ဘေးအန္တရာယ် သတိပေးအချက် ပြများ၊ နို့တစ်စာများ၊ ပိုစတာ
များနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့် အညီ ထားရှိရမည်။
(ဍ) ဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့် တားမြစ်ကန့်သတ်ထားသော လုပ်ငန်းခွင်နေရာများသို့ ဝင်ထွက်သွားလာရာတွင် ကြိုတင် သတိပေးချက်များအတိုင်း
လိုက်နာဆောင်ရွက်ရန် စီမံဆောင်ရွက်ရမည်။
(ဎ) အသိပညာ၊ နည်းပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း
ရေးနှင့် ကျန်းမာရေးဆိုင်ရာ လက်စွဲစာစောင်နှင့် လမ်းညွှန်ချက်များကို အလုပ်သမားများအပြင် လုပ်ငန်းခွင်နှင့် ဆက်စပ်နေသူများကိုလည်း ဖြန့်ဝေခြင်း
သို့မဟုတ် သိရှိနားလည်အောင် ဆောင်ရွက်ခြင်း စီမံဆောင်ရွက် ပေးရမည်။
(ဏ) မီးဘေးလုံခြုံရေး စီမံရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ပစ္စည်း ကိရိယာများအား စနစ်တကျ အသုံးပြု တက်စေရန် လေ့ကျင့်ပေးခြင်း
တို့ကို ဆောင်ရွက်ရမည်။
(တ) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိများက အလုပ်ခွင်သို့ ဝင်ရောက်စစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စာရွက်စာတမ်းများ၊ အထောက်
အထားများ၊ တောင်းခံခြင်း သို့မဟုတ် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ခွင့်ပြု ပေးရမည်။
(ထ) ဘေးအန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် စေခိုင်းပါက သတ်မှတ်ထားသော အလုပ်ချိန်နာရီအတွင်း၌ သာ လုပ်ကိုင်စေရမည်။
(ဒ) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကုန်ကျစရိတ်များကို တာဝန်ယူကျခံရမည်။