အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၂၉၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ပုဒ်မ ၅(က)
(၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၂) အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလနှင့် အစမ်းခန့်ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်း မရှိစေရ။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ပုဒ်မ ၅(ခ)
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် အောက်ပါအချက်များ ပါဝင်ရမည် -
(၁) အလုပ်အကိုင်အမျိုးအစား
(၂) အစမ်းခန့်ကာလ
(၃) လုပ်ခ၊ လစာ
(၄) အလုပ်အကိုင်တည်နေရာ
(၅) စာချုပ်သက်တမ်း
(၆) အလုပ်ချိန်
(၇) နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်
(၈) အချိန်ပိုလုပ်ကိုင်ခြင်း
(၉) အလုပ်ချိန်အတွင်း အစားအသောက်အစီအစဥ်
(၁၀) နေရာထိုင်ခင်း
(၁၁) ဆေးဝါးကုသခြင်း
(၁၂) အလုပ်ခွင်သို့ ကြို/ပို့ယာဥ် စီစဥ်ပေးခြင်းနှင့် ခရီးသွားလာခြင်း
(၁၃) အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းချက်များ
(၁၄) အလုပ်ရှင်စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်းတက်ရောက်ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလသတ်မှတ်ချက်
(၁၅) အလုပ်မှ နှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း
(၁၆) စာချုပ်ရပ်စဲခြင်း
(၁၇) စာချုပ်ပါ စည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ
(၁၈) အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်အား အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း
(၁၉) အခြားကိစ္စရပ်များ
(၂၀) စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း
(၂၁) အထွေထွေ။