အနည်းဆုံး အခကြေးငွေ

၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ

၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇)

၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်

အနည်းဆုံး အခကြေးငွေ နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၁၄

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁၂(က)(ခ)(ဂ)

ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ အလုပ်သမားအား အခကြေးငွေပေးချေခြင်းမပြုရ။

ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် ပို၍ ပေးနိုင်သည်။

ဤဥပဒေအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် အနည်းဆုံး အခကြေးငွေမှ နှုတ်ယူခွင့် ရှိသည်ဟု သတ်မှတ်ထားသော အခကြေးငွေမှအမ အခြားအခကြေးငွေကို နှုန်ယူခွင့် မရှိစေရ။

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁၂(ဃ)

ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအား အနည်းဆုံး အခကြေးငွေကို ငွေသားဖြင့် ‌ပေးရမည်။ ထို့ပြင် သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသား တစ်ချို့တစ်ဝက်နှင့် ‌ဒေသပေါက်စျေးနှုန်းဖြင့်သတ်မှတ်သော ပစ္စည်း တစ်ချို့တစ်ဝက်တွဲဖက်၍ ပေးနိုင်သည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁၂()

စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား အနည်းဆုံးအခကြေးငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္နအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ၊ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့တစ်ဝက်တွဲဖက်၍ ပေးနိုင်သည်။ ထိုသို့ ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏မိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့်တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁

အလုပ်ရှင်သည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားများအနက် လုပ်ငန်းနှင့် သက်ဆိုင်သော အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ်ငန်းခွင်တွင် သက်ဆိုင်ရာ အလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။

(ခ) အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာ မှတ်တမ်းပြုစု ထားရှိရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ပြုစုထားရှိသော စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနသို့ အစီရင်ခံရမည်။

(ဃ) စစ်ဆေးရေး အရာရှိက စစ်ဆေးရန် ဆင့်ဆိုသည့်အခါ သွားရောက် စစ်ဆေးခံရမည်။ ထို့ပြင် အဆိုပါ စာရင်းနှင့် မှတ်တမ်းများကို တောင်းခံသည့်အခါ တင်ပြရမည်။

(င) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိက ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သော အကူအညီများပေးရမည်။

(စ) အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ်ကိုင်နိုင်သည့်အခါ သတ်မှတ်ချက်များနှင့် အညီဆေးကုသရန် အလုပ်နားခွင့် ‌ပေးရမည်။

(ဆ) အလုပ်သမားများ၏  မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စ ဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ သတ်မှတ်ချက်နှင့်အညီ အလုပ်နားခွင့်ပေးရမည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁၄

ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်နေသော အလုပ်သမားသည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို သော်လည်းကောင်း၊ ထိုအခကြေးငွေထက် အလုပ်ရှင်ကပို၍ပေးပါက ပိုပေးသည့် အခကြေးငွေကို သော်လည်းကောင်း ရထိုက်ခွင့်ရှိသည်။

(ခ) ဤဥပဒေ အာဏာမတည်မီက ရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သော အနည်းဆုံး အခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသော အခကြေးငွေကို ဆက်လက် ခံစားခွင့်ရှိသည်။

(ဂ) အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်ပါ အနည်းဆုံး အခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို ရထိုင်ခွင့်ရှိသည်။

(ဃ) အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အလုပ်ကို လုပ်ကိုင်သည့်အခါ လုပ်ကိုင်သော အလုပ်အသီးအသီးအတွက် သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့်ရှိသည်။

(င) အချိန်ပိုင်း၊ နာရီပိုင်း အလုပ်တွင် အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်။

(စ) လစားအလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိပြီး ထိုးနားရက်အတွက် အခကြေးငွေ ရထိုက်ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့် အညီ အချိန်ပိုလုပ်ခ ရထိုက်ခွင့်ရှိသည်။

(ဆ) နေ့စားအလုပ်တွင် သတ်မှတ်ထားသည့် တစ်နေ့ အလုပ်ချိန် နာရီထက်လျော့၍ အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရ မဟုတ်လျှင် သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင် သော်လည်းကောင်း၊ အချိန်ပြည့် အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေ ရထိုက်ခွင့်ရှိသည်။

(ဇ) သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ခံစားခွင့်ရှိစေရမည်။

(ဈ) ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက် များနှင့်အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ ဆန္ဒအရ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့ တစ်ဝက်တွဲဖက်၍ ဖြစ်စေ ရထိုက်ခွင့်ရှိသည်။

(ည) စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံး အခကြေးငွေကို ဒေသ ဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမား အများစု၏ ဆန္ဒအရ ဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ၊ ငွေသား တစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်း တစ်ချို့တစ်ဝက်တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏ မိသားစုအတွက် သတ်မှတ်ချက်များနှင့် အညီခံစားခွင့်ရှိသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၊ ပုဒ်မ ၁

ပုဒ်မ ၁၄ အရ အခကြေးငွေနှင့် အခြားခံစားခွင့်များ ရထိုင်ခွင့်ရှိသော အလုပ်သမားသည်-

(က) ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့် အားလုံးကို မရရှိလျှင် သော်လည်းကောင်း၊ သက်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ ရရှိလျှင် သော်လည်းကောင်း အဆိုပါ နစ်နာသော အခကြေးငွေနှင့် အခြားခံစားခွင့်များ ရရှိရေးအတွက် ရထိုက်ခွင့်ရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ဦးစီးဌာနသို့ တင်ပြနိုင်သည်။

(ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံးအတွက် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေ၊ ပုဒ်မ ၄၃

အလုပ်ရှင်သည်-

(က) မိမိလုပ်ငန်း၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရန် ဆောင် ရွက်ပေးရမည်ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာတိုးမြှင့်ပေးရမည်။

(ခ) အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို ဥပဒေပုဒ်မ ၁၃(ခ) အရ ပြုစုရာတွင် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေတို့နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) အလုပ်သမားများ မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပွားခြင်းများ‌ကြောင့် အလုပ်မလုပ်ကိုင်နိုင်သည့်အခါ-

(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထားသူဖြစ်လျှင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ 

ကျန်းမာရေးနှင့် လူမှုဖူလုံရေးစောင့်ရှောက်မှုအာမခံစနစ်အရ သော်လည်းကောင်း

(၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ သော်လည်း

ကောင်း ဆောင်ရွက်‌ပေးရမည်။

(ဃ) အလုပ်သမားများ၏ မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ ၎င်းအလုပ်သမား ရထိုက်သော အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ဆောင်ရွက်ပေးရမည်။

(င) ဤဥပဒေအရ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းမပြုမှီ အလုပ်သမားရရှိနေသော အခကြေးငွေသည် သတ်မှတ်ချက် အောက်လျော့နည်းနေပါက သတ်မှတ်ချက်ပြည့်မီသည်အထိ ပေးရမည်။

(စ) အချိန်ပိုင်း၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့် အလုပ်သမားအား အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေး ငွေကို ‌ပေးရမည်။

(ဆ) လစားအလုပ်သမားအတွက် ရက်သတ္တပတါလျှင် တစ်ရက်နားခွင့်ပေးရမည်။ ယင်းနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့် အညီ အချိန်ပိုလုပ်ခပေးရမည်။

(ဇ) သတ်မှတ်ထားသော အလုပ်ချိန်ထက်လျော့၍လုပ်ရပါက ထိုသို့အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရမဟုတ်လျှင် သော်လည်းကောင်း အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင်‌ သော်လည်းကောင်း၊ အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေပေးရမည်။

(ဈ) သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲပေးရမည်။

(ည) အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့်ပေးရန် တာဝန်ရှိသော်လည်း သီခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များကို သတ်မှတ်ချက်နှင့်အညီ အလုပ်သမားများ၏ ဆန္ဒအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်ဖြင့် ဖြစ်စေ၊ ငွေသားဖြင့်သော်လည်းကောင်း၊ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သော်လည်းကောင်း၊ ‌ဒေသဓလေ့ထုံးတမ်းအရ သော်လည်းကောင်း ပေးနိင်သည်။

(ဋ) အလုပ်သမားများနှင့် ညှိနှိုင်း၍ ဥပဒေနှင့်အညီ အချိန်ပိုခိုင်းစေခြင်း ပြုနိုင်သည်။

(ဌ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအလိုက် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုပုံစံ သို့မဟုတ် ထုတ်လုပ်မှုစံနှုန်း ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးသည့် အလုပ်သမားအား အစမ်းခန့်ကာလ မတိုင်မီ ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ပေးရန် လိုအပ်လျှင် ဤဥပဒေအရ သက်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် သုံးလအချိန် ကာလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၅၀% ထက်မနည်းသော လုပ်ခ၊ လစာကို ပေးရမည်။ အစမ်းခန့်ကာလ သုံးလအတွင်း အနည်းဆုံးအခကြေးငွေ၏  ၇၅% ပေးရမည်။ 

အနည်းဆုံး အခကြေးငွေ နည်းဥပဒေ၊ ပုဒ်မ ၄

အလုပ်သမားများသည်-

(က) မိမိတို့ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့်နှင့် အညီ ကုန်ထုတ်စွမ်းအား ပြည့်မီစေရန်ဆောင်ရွက်ရမည်။

(ခ) အလုပ်ရှင်စေလွှတ်သည့် ကျွမ်းကျင်မှုသင်တန်းတက်ရောက်ရပါက သင်တန်းတက်ရောက်ပြီးနောက် မိမိကျွမ်းကျင်မှုအဆင့်နှင့် လျော်ညီစွာ ဆက်လက်ထမ်းဆောင်ရန် တာဝန်ရှိသည်။

(ဂ) မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခင်းများကြောင့် အလုပ်မလုပ်ကိုင်နိုင်သည့် အခါ-

(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထားသူဖြစ်လျှင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ သော်လည်းကောင်း၊ 

(၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ သော်လည်းကောင်း ခံစားခွင့်ရှိသည်။

(ဃ) မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိသည်။

(င) လစား၊ နေ့စား၊ ပုတ်ပြတ်အလုပ်သမားများသည် ခွင့်ပြုပြီးသည့်ခွင့်ရက်နှင့် အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်များကို ခံစားခွင့်ရှိသည်။

(စ) အလုပ်တွင် ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော  အလုပ်သမားအားပေးထားသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် ပိုမိုပါက ထိုအခကြေးငွေသည် ဆက်လက်အတည်ဖြစ်စေရမည်။

(ဆ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ အခြားပဋိညာဥ်စာချုပ်တစ်ရပ်ရပ်အရ ဖြစ်စေ သဘောတူလက်ခံသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် လျော့နည်းလျှင် ထိုအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် သို့မဟုတ် ပဋိညာဥ်စာချုပ်ပါ အခကြေးငွေသတ်မှတ်ချက် သည် ပျက်ပြယ်စေရမည်။