ရက်သတ္တပတ်အလုပ်ပိတ်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၂(၈)

အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက် တို့ကို ဆိုသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၃(၄)

အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး တစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၃

အလုပ်သမားသည် သက်ဆိုင်ရာဥပဒေ အရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးလျှင် ရက်သတ္တပတ်အလုပ်ပိတ်ရက် အနည်းဆုံးတစ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့်ရက်များလည်း ပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ် အလုပ်ချိန်ကိုသာ ထည့်သွင်းရန်ဖြစ်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ်အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှစတင်၍ နောက်ရက်သတ္တပတ် အလုပ်ပိတ်ရက်အထိ ခွင့်ခံစားပါက နောက်ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ် အလုပ်ပိတ်ရက်မကျရောက်မီ အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်အတွက်ရက်အစားထိုး၍ အနားပေးရမည်။ ထိုသို့ ရက်အစားထိုးအနားရပါက အချိန်ပိုလုပ်အားခ ခံစားခွင့်မရှိစေရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ်တစ်ဆယ် ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့် ရက်အစားသွင်းခြင်းကိုမျှမပြုရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ

ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာ၀အရ မဖြစ်မနေ အလုပ်လုပ်ရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အလုပ်သမား၏ ဆန္နကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁၀

ထိုသို့ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင် ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူအလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင် ဖြစ်စေ၊ ထို့နေ့နောက်အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရပ်ရပ်တွင်ဖြစ်စေ အစားထိုးအလုပ်ပိတ်ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာ ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီထားသည့်အတိုင်း ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အလှည့်ကျသည့် အလုပ်ပိတ်ရက်ပေးသော စနစ်ဖြင့် ခံစားရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်းကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီ ထားသည့် တစ်နေ့အတွက်လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်းရရှိ သော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျှမ်းမျှလုပ်ခနှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄)ဖြင့် ငွေကြေးခံစားခွင့် မှတ်တမ်းကို လစဉ်ပေးပို့ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၇(က)

ရက်သတ္တပတ်တစ်ပတ်လျှင် သာမန်အားဖြင့် တနင်္ဂနွေနေ့ကို နားရက်အဖြစ်လည်းကောင်း၊ လုပ်ငန်းသဘောသဘာဝနှင့် နေရာဒေသ၏ ဓလေ့ထုံးစံအရ တစ်ပတ်လျှင် အလုပ်နားရက်တစ်ရက်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သဘောတူညီချက်ဖြင့်လည်းကောင်း သတ်မှတ်နိုင်သည်။ နားရက်တွင် တည်ဆဲ အလုပ်သမားဥပဒေများနှင့် အညီ လုပ်ခလစာခံစားခွင့်ရှိသည်။