ရှောင်တခင်ခွင့်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - (၁)

အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ ရှောင်တခင်ခွင့်ရက်ကို တစ်နှစ်လျှင် စုစုပေါင်းခြောက်ရက်ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက်။ ။ သို့ရာတွင် ကုန်းလမ်းခရီးဖြင့်ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ၊ ခရီးဝေးသွားရန် အကြောင်းရှိလျှင်မှတပါး သို့တည်းမဟုတ် မိမိကိုးကွယ်သည့် ဘာသာဓလေ့ထုံးတမ်းအစဥ်အလာအရ အကြောင်းထူးရှိလျှင်မှတပါး၊ တစ်ကြိမ်လျှင် အများဆုံး သုံးရက်ထက်ပို၍ ရနိုင်ခွင့်မရှိစေရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၅ ()

ရှောင်တခင်ခွင့်ရက်ကို အခြား မည်သည့်ခွင့်ရက်တစ်မျိုးမျိုးနှင့်မျှ မပေါင်းစပ်ရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၅ ()

အလုပ်သမားသည် မိမိရထိုက်သော ရှောင်တခင်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ ပုဒ်မ - ၂၄

အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခွင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၂၈

အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့်တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသောအကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၂

ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်ထိ ခံစားနိုင်ပြီး သုံးရက်ထက်ကျော်လွန်ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက်ကျော်လွန်သည့် ရှောင်တခင်ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၀

ရှောင်တခင်ခွင့်ရက်ကို သတ်မှတ်ခွင့်ပုံစံဖြင့် တင်ပြရမည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် အလုပ်ခွင်သို့ လာရောက်နိုင်ခြင်းမရှိလျှင် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ရက်ကုန်ဆုံး၍ အလုပ်ခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သတ်မှတ်ထားသော ခွင့်တိုင်ကြားပုံစံကို ဖြည့်စွက်၍ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံ တင်ပြရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃

ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့်ရက်ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင့်ဆက်၍ တောင်းခံသော အခြားခွင့်ရက်တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေ့ရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃

ရှောင်တခင်ခွင့်ရက် တစ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ခုနစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃

အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက်မှတ်တမ်းများကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဥ်ပေးပို့ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်၊ အပိုဒ် ၇(ဂ)()

ရှောင်တခင်ခွင့် အလုပ်စတင်ဝင်ရောက်သည့်နေ့ရက်မှ ၁၂ လအတွင်း ရှောင်တခင်ခွင့် ၆ ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူလျှင် ထိုခွင့်ပျက်ပြယ်သည်။ တစ်ကြိမ်လျှင် ၃ ရက်ထက်ပို၍ ခွင့်ခံစားခွင့်မရှိပါ။ အခြားမည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ခံစားခွင့်မရှိပါ။