အခကြေးငွေပေးချေခြင်း

၂၀၁၆ ခုနှစ်၊ အခကြေးငွေ ပေးချေရေး ဥပဒေ

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

အခကြေးငွေ ပေးချေရေး နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၁၉၃/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ ၂(က)

အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဥ်အလုပ်၊ အပတ်စဥ်အလုပ်၊ လစဥ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်းကောင်း၊ အလုပ်သမား၏ စွမ်းဆောင်ရည် ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်က အပိုပေးသည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့်များသည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်-

(၁) ခရီးစရိတ် သို့မဟုတ် ခရီးသွားလာမှုအတွက် အထူးထောက်ပံ့စရိတ်များ၊
(၂) လုပ်ငန်းသဘာဝအရ နှစ်ဖက်ကြိုတင်ညှိနှိုင်းထား၍ ခေတ္တစိုက်ထုတ် ကျခံသုံးစွဲငွေများ၊
(၃) လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေကြေးများ၊
(၄) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အလုပ်သမားအတွက် ပေးသွင်းသည့်ထည့်ဝင်ကြေးများ၊
(၅) နေထိုင်ခနှင့်စားသောက်စရိတ်များ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့် အခွန်အခများ၊
(၆) ဆေးကုသစရိတ်နှင့်အပန်းဖြေခများ၊
(၇) အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊
(၈) ပင်စင်လစာနှင့် အငြိမ်းစား လုပ်သက်ဆုငွေ၊
(၉) ဝန်ကြီးဌာနက ဤဥပဒေပါအခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော အခြားငွေကြေးများ။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ (က)

အလုပ်ရှင်သည်- 

(က)  မိမိ၏ လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အခကြေးငွေကို ပြည်တွင်းသုံးငွေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့် နိုင်ငံခြားသုံးငွေဖြင့်ဖြစ်စေ ပေးချေရမည်။ ထိုသို့ပေးချေရာတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူညီမှုဖြင့် ငွေသားဖြင့် ဖြစ်စေ၊ ချက်လက်မှတ်ဖြင့်ဖြစ်စေ၊ အလုပ်သမား၏ ဘဏ်စာရင်းသို့ဖြစ်စေ ပေးချေနိုင်သည်။

ခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

အလုပ်ရှင်သည်- 

(က)  နာရီပိုင်းအလုပ်၊ နေ့စဥ်အလုပ်၊ အပတ်စဥ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်းအလုပ်တစ်ခုခုအတွက်သော်လည်းကောင်း၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်တစ်ခုခုအတွက်သော်လည်းကောင်း၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်တစ်ခုအတွက်သော်လည်းကောင်း အလုပ်ပြီးဆုံးသည့်အခါဖြစ်စေ၊ အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလတွင်ဖြစ်စေ အခကြေးငွေပေးချေရမည်။

(ခ) ပုဒ်မခွဲ (က)အရ အခကြေးငွေပေးချေရန် အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလအပိုင်းအခြားသည် တစ်လထက် မကျော်စေရ။
(ဂ) အမြဲတမ်းအလုပ်အတွက် အခကြေးငွေကို လစဥ်ပေးချေရမည်။ ထိုသို့ပေးချေရာတွင်-

(၁) အလုပ်သမားဦးရေ ၁၀၀ ထက်မပိုပါက အခကြေးငွေပေးရန် ကာလအပိုင်းအခြားကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။
(၂) အလုပ်သမားဦး‌ရေ ၁၀၀ ထက်ပိုပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန််ဆုံးပြီးနောက် နောက်အကျဆုံး ငါးရက်အတွင်း ပေးချေရမည်။

(ဃ)  အလုပ်သမားအား  အလုပ်ရပ်စဲသည့်အခါ ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။
(င)  အလုပ်သမားက  အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍  မိမိဆန္ဒအရ အလုပ်မှ  နုတ်ထွက်ပါက အခကြေးငွေ ပေးချေရန် ကာလအပိုင်းအခြား  ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။
(စ) အလုပ်သမားသေဆုံးသည့်အခါ ထိုအလုပ်သမားအား ပေးထိုက်သည့် အခကြေးငွေကို  သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင်အမွေဆက်ခံသူထံသို့ ပေးချေရမည်။
(ဆ) အခကြေး‌ငွေအားလုံးကို အလုပ်ဖွင့်သည့်နေ့ရက်တွင် ပေးချေရမည်။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

အလုပ်ရှင်သည် သဘာဝဘေးအန္တရာယ်အပါအဝင် မမျှော်လင့်သော ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်သဖြင့် ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)ပါ ပြဌာန်းချက်နှင့်အညီ ပေးချေရန် အခက်အခဲရှိပါက အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် အခကြေးငွေများကို မည်သည့်နေ့ရက်သို့ ပြောင်းလဲပေးချေမည်ဖြစ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာဖြင့် ဦးစီးဌာနသို့ တင်ပြရမည်။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

ဦးစီးဌာနသည် ပုဒ်မ ၅ အရ တင်ပြချက်ကို စိစစ်ပြီးခွင့်ပြုသင့်ပါက ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စည်းကမ်းချက်များ သတ်မှတ်ပြီး သင့်လျော်သော အချိန်ကာလအတွင်း ‌ရွေ့ဆိုင်းပေးချေရန် အလုပ်ရှင်အား ခွင့်ပြုနိုင်သည်။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

အလုပ်ရှင်သည် -

(က) သက်ဆိုင်ရာဥပဒေအရ အခကြေးငွေ ခံစားခွင့်ရှိသည့် ခွင့်ရက်များနှင့် အများပြည်သူအလုပ်ပိတ်ရက်များမှအပ အလုပ်မဆင်းသည့်ကာလအတွက် အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။

(ခ) အခကြေးငွေတွင် ပါဝင်ခြင်းမရှိသည့် အလုပ်ရှင်မှ စီစဥ်ပေးသည့် နေထိုင်ခနှင့် ကြိုယာဥ်စရိတ်၊ စားသောက်စရိတ်များ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့် အလုပ်သမားက ပေးဆောင်ရမည့် ဝင်ငွေခွန်၊ မှားယွင်း၍ ပိုပေးမိသော အခကြေးငွေများကို နုတ်ယူဖြတ်တောက်နိုင်သည်။

(ဂ) အလုပ်သမား၏ တောင်းဆိုချက်အရ ကြိုတင်ထုတ်ပေးငွေ၊ စိုက်ထုတ်ပေးငွေ၊ အလုပ်သမားအတွက် စုငွေ သို့မဟုတ် ဥပဒေအရ ထည့်ဝင်ကြေးငွေတစ်ရပ်ရပ်ကို အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။

(ဃ) တရားရုံးသို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်သမား၏ အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

အလုပ်ရှင်သည် ပုဒ်မ ၇ နှင့် ပုဒ်မ ၁၁ တို့ပါ ပြဌာန်းချက်များနှင့်အညီ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမှအပ မည်သည့် ကိစ္စအတွက်မျှ နုတ်ယူ
ဖြတ်တောက်ခြင်း မပြုရ။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ

အလုပ်ရှင်သည် ပုဒ်မ ၇ အရ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင် အလုပ်သမားက တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုအတွက် နုတ်ယူဖြတ်တောက်ငွေများမှအပ အခြားနုတ်ယူဖြတ်တောက်ငွေ စုစုပေါင်းသည် အလုပ်သမားရရှိသည့် အခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းထက် မပိုစေရ။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ ၁၀

အလုပ်ရှင်သည် -

(က)  ပုဒ်မ ၁၁ အရ ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမပြုမီ မည်သည့်ကိစ္စအတွက် မည်သို့မည်မျှ ဖြတ်တောက်မည်ကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

(ခ)    ပုဒ်မခွဲ (က) ပါခွင့်ပြုချက်ကို သက်ဆိုင်ရာအလုပ်ရုံ၊ လုပ်ငန်းဌာန၌ အများမြင်သာသော နေရာများတွင် ကပ်ထားရမည်။

(ဂ)   နုတ်ယူဖြတ်တောက်သည့် ပေးလျော်ရန် ဒဏ်ငွေမှာ အလုပ်သမား၏ လုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှု တန်ဖိုးထက်မပိုစေရ။

(ဃ) ပုဒ်မ ၁၁ အရ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင်-

(၁) အလုပ်သမားအား ထုချေဖြေရှင်းခွင့် တစ်စုံတစ်ရာမပေးဘဲ ထိုအခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။

(၂) အလုပ်သမား၏ လစဥ်အခကြေးငွေမှ တစ်လလျှင် ၅ ရာခိုင်နှုန်းထက်ပို၍ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။

(င) အသက် ၁၆ နှစ်အောက် အလုပ်သမားထံမှ ဒဏ်ငွေအဖြစ် လုံးဝနှုတ်ယူ ဖြတ်တောက်ခြင်း မပြုရ။

(စ) ချမှတ်ထားသော ဒဏ်ငွေအား ပေးချေရမည့် ကာလသတ်မှတ်ချက်ကို အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။

(ဆ) ပစ္စည်းဆုံးရှုံးမှုအတွက် ဖြတ်တောက်ငွေကို ဥပဒေအရ ဖွဲ့စည်းထားသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်းသဘောတူညီချက်အရ သတ်မှတ်အချိန်ကာအတွင်း နုတ်ယူဖြတ်တောက်ရမည်။

(ဇ) အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့် ငွေများကို မှတ်တမ်းတွင် ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထားရမည်။

(ဈ) အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့်ငွေနှင့်စပ်လျဥ်း၍ လစဥ်အစီရင်ခံစာကို ဦးစီးဌာနသို့ တင်ပြရမည်။

(ည) ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ နုတ်ယူဖြတ်တောက်သည့် ဒဏ်ငွေများကို စက်ရုံရှိ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ အလုပ်သမားများ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၌ အသုံးပြုရမည်။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ ၁

အလုပ်ရှင်သည် အလုပ်သမား၏ အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုအတွက် ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်-

(က) အလုပ်သမား၏ တမင်လျစ်လျူရှုမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မရိုးဖြောင့်သောသဘောဖြင့် ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ အလုပ်ရှင်က အလုပ်သမားအား ထိန်းသိမ်းစောင့်ရှောက်ရန် အတိအလင်း အပ်နှံထားသည့် တာဝန်ရှိသော ပစ္စည်းနှင့်ငွေကြေးတစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုသည် ထိုအလုပ်သမား၏ ပေါ့ဆမှုနှင့် မှားယွင်းမှုကြောင့် တိုက်ရိုက် ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှု၊

(ခ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ ဒဏ်ငွေသတ်မှတ်ားသည့် အလုပ်ခွင် စည်းကမ်းချက်တစ်ရပ်ရပ်ကို အလုပ်သမားက ဖောက်ဖျက်မှု။

အခကြေးငွေ ပေးချေရေး ဥပဒေ၊ ပုဒ်မ ၁

(က) အောက်ပါအခြေအနေများ ပေါ်ပေါက်လာလျှင် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်းကဖြစ်စေ၊ စက်ရုံတွင်း လုပ်ငန်းညှိုနှိုင်းရေး ကော်မတီကဖြစ်စေ ဖြေရှင်းပေးရန် အလုပ်ရှင်သို့ တောင်းဆိုနိုင်သည် -

(၁) ရရန်ရှိသည့် အခကြေးငွေထဲမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖြတ်တောက်ခံရခြင်း။

(၂) အခကြေးငွေများကို ပေးချေရမည့် ကာလထက်ကျော်လွန်၍ ပေးချေရန် ပျက်ကွက်နေခြင်း။