အများပြည်သူ အလုပ်ပိတ်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၂(၈)

အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက် တို့ကို ဆိုသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၃()

အလုပ်ရှင်က အလုပ်သမား အသီးသီးအား သက်ဆိုင်ရာရာ အခကြေးငွေ သို့တည်းမဟုတ် လစာငွေအပြည့်နှင့် အောက်ပါနေ့များကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ခွင့်ပြုရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူ အလုပ်ပိတ်ရက်များ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၃()

အများပြည်သူအလုပ်ပိတ်ရက် တစ်ရက်သည်၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူအလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ တိုက်ဆိုင်နေလျှင်၊ အခြားနေ့တစ်‌နေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ပြောင်းလဲ၍ခွင့်မပြုရ။ ထိုသို့ တိုက်ဆိုင်သည့် အလုပ်ပိတ်ရက်ကို အများပြည်သူအလုပ်ပိတ်ရက် ဖြစ်သည်ဟု ယူဆရမည်။ သို့ရာတွင် အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင်၊ ထိုအလုပ်သမားအား သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော်လည်းကောင်း၊ ထို‌နေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည့်အပြင်၊ ရှားပါးစရိတ်ရနေလျှင် ထို့နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၃()

ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အလုပ်သမားများအတွက် ထိုအလုပ်သမားများနှင့် အလုပ်ရှင်များ အချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာရာ ဘာသာရေးအခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက် အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁၆

နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူအလုပ်ပိတ်ရက်အပါအဝင် သက်ဆိုင်ရာ ဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် အများပြည်သူအလုပ်ပိတ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံ ရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်း ကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၁

အများပြည်သူအလုပ်ပိတ်ရက် အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံနှင့် ညီမျှသော အခကြေးငွေဖြင့် လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့်သဘောတူညီထားသည့် တစ်နေ့ အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစု ပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၂၀

အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်း လုပ်ခကို ဥပဒေပါပြဌာန်းချက်အတိုင်း သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကို သော်လည်းကောင်း၊ အခြေခံလစာငွေကို သော်လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၂

အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ် အလုပ်သမားများအတွက် ထိုနေ့ရရှိသည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေ်မူတည်၍ ရရှိသော လုပ်ခ၏ နှစ်ဆကိုပေး ချေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ပုဒ်မ ၂

အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး အများပြည်သူအလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက် အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူ အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၇(ခ)

(၁) ပြည်ထောင်စုအစိုးရက နှစ်စဉ်အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော အများပြည်သူ အလုပ်ပိတ်ရက်များတွင် လုပ်ခလစာအပြည့်ဖြင့် အနား‌ပေးရမည်။

(၂) အကယ်၍ အများပြည်သူအလုပ်ပိတ်ရက်နှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်တိုက်ဆိုင်နေပါက အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရမည်။